Loading calendar… Loading date… Time in Myanmar • --:--:--
iMyanmarLink Connecting Myanmar Digitally
AI
DOWNLOAD APP · အသုံးပြုရန် လမ်းညွှန်

iMyanmarLink ကို App ကဲ့သို့ အသုံးပြုနိုင်ပါပြီ

iMyanmarLink အတွက် သီးသန့် Application များ ရရှိနိုင်ရန် အမြန်ဆုံး ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် Browser မှတစ်ဆင့် iMyanmarLink ကို App ကဲ့သို့ ထည့်သွင်းအသုံးပြုနိုင်ပြီး သင့်စက်၏ Home Screen၊ Desktop သို့မဟုတ် Dock မှ အလွယ်တကူ ပြန်လည်ဖွင့်နိုင်ပါသည်။

အောက်တွင် သင့်စက်အမျိုးအစားကို ရွေးချယ်၍ ထည့်သွင်းအသုံးပြုနည်းကို ကြည့်ရှုနိုင်ပါသည်။ Browser နှင့် စက်အမျိုးအစားအလိုက် ရရှိနိုင်သည့် ရွေးချယ်မှုများ ကွာခြားနိုင်ပါသည်။

အောက်ပါနည်းလမ်းများကို မလုပ်မီ အသုံးပြုမည့် Browser တွင် iMyanmarLink ပင်မစာမျက်နှာကို ဖွင့်ပါ။ လမ်းညွှန်စာမျက်နှာအစား ပင်မစာမျက်နှာကို App အဖြစ် ထည့်ပါ။ သတင်း၊ ဈေးနှုန်းနှင့် တိုက်ရိုက်ဝန်ဆောင်မှုများအတွက် အင်တာနက်ချိတ်ဆက်မှု လိုအပ်ပါသည်။

01 · WINDOWS

Windows / Laptop & Desktop Users

Google Chrome

  1. Chrome တွင် iMyanmarLink ပင်မစာမျက်နှာကို ဖွင့်ပါ။
  2. ညာဘက်အပေါ်ရှိ ⋮ → Cast, save, and share → Install page as app ကို ရွေးပါ။ Address bar တွင် Install အမှတ်အသား ပေါ်ပါကလည်း နှိပ်နိုင်ပါသည်။
  3. အမည်ကို iMyanmarLink ဟုထားပြီး Install ကို အတည်ပြုပါ။ ပြီးနောက် Start menu မှ ပြန်ဖွင့်နိုင်ပါသည်။

Mozilla Firefox

  1. ပုံမှန် Firefox window တွင် ပင်မစာမျက်နှာကို ဖွင့်ပါ။ Private Browsing မသုံးပါနှင့်။
  2. Address bar ရှိ Web apps ခလုတ်ကို နှိပ်ပါ။
  3. Taskbar တွင် သိမ်းထားရန် မေးပါက Yes ကို ရွေးပါ။ Start menu ရှိ Firefox Web Apps မှလည်း ပြန်ဖွင့်နိုင်ပါသည်။

Firefox 143 နှင့်အထက် လိုအပ်ပါသည်။ Microsoft Store မှ ထည့်ထားသော Firefox အတွက် Version 150 နှင့်အထက် လိုအပ်ပါသည်။ Web apps ခလုတ်မပေါ်ပါက Browser ကို Update လုပ်ပါ၊ သို့မဟုတ် အောက်ပါ Shortcut နည်းလမ်းကို သုံးပါ။

Microsoft Edge

  1. Edge တွင် ပင်မစာမျက်နှာကို ဖွင့်ပါ။
  2. ⋯ → More tools → Apps → Install this site as an app ကို ရွေးပါ။ Version အချို့တွင် Apps ကို Menu ထဲ၌ တိုက်ရိုက်တွေ့နိုင်ပါသည်။
  3. Install ကို နှိပ်ပြီး Pin to taskbar / Pin to Start ရွေးချယ်မှုများ ပေါ်ပါက မိမိနှစ်သက်ရာကို ရွေးပါ။
Install မရပါက Desktop Shortcut ဖန်တီးနည်း
  1. Windows Desktop ပေါ်တွင် Right-click → New → Shortcut ကို ရွေးပါ။
  2. လိပ်စာနေရာတွင် https://imyanmarlink.com/ ထည့်ပြီး Next ကို နှိပ်ပါ။
  3. အမည်ကို iMyanmarLink ဟုထားပြီး Finish နှိပ်ပါ။ ဤ Shortcut သည် သင့် Default Browser တွင် Website ကို ဖွင့်ပေးပါသည်။
02 · MAC

macOS / MacBook & Mac Users

Safari — Add to Dock

  1. macOS Sonoma 14 နှင့်အထက်တွင် Safari ဖြင့် ပင်မစာမျက်နှာကို ဖွင့်ပါ။
  2. File → Add to Dock သို့မဟုတ် Share → Add to Dock ကို ရွေးပါ။
  3. အမည်ကို iMyanmarLink ဟုထားပြီး Add နှိပ်ပါ။ Dock ရှိ Icon မှ ပြန်ဖွင့်နိုင်ပါသည်။

Chrome ဖြင့် အစားထိုးအသုံးပြုရန်

  1. Chrome တွင် ပင်မစာမျက်နှာကို ဖွင့်ပါ။
  2. ⋮ → Cast, save, and share → Install page as app ကို ရွေးပြီး အတည်ပြုပါ။

Install / Add to Dock မရရှိပါက Safari ရဲ့ Bookmarks → Add Bookmark ဖြင့် Favorites ထဲ သိမ်းထားပြီး Browser မှ ပြန်ဖွင့်နိုင်ပါသည်။

03 · ANDROID MOBILE

Android / Mobile Phone Users

  1. ဖုန်းရှိ Chrome ဖြင့် ပင်မစာမျက်နှာကို ဖွင့်ပါ။
  2. ⋮ → Install and create shortcut → Install ကို ရွေးပါ။ Version အလိုက် Add to Home screen သို့မဟုတ် Install app ဟု တွေ့နိုင်ပါသည်။
  3. ပေါ်လာသော အဆင့်များအတိုင်း Install / Add ကို အတည်ပြုပါ။
  4. Home Screen သို့မဟုတ် App စာရင်းမှ iMyanmarLink ကို ပြန်ဖွင့်ပါ။

Install မရရှိဘဲ Create shortcut ပေါ်ပါက ၎င်းကို ရွေးပြီး Add နှိပ်နိုင်ပါသည်။ Shortcut သည် Browser တွင် ဖွင့်ပေးနိုင်ပါသည်။ Facebook ကဲ့သို့ အခြား App အတွင်းမှ ဖွင့်ထားပါက လိပ်စာကို Chrome တွင် သီးခြားဖွင့်ပြီး ပြန်စမ်းပါ။

04 · IPHONE & IPAD

iOS & iPadOS / iPhone & iPad Users

  1. Safari ဖြင့် ပင်မစာမျက်နှာကို ဖွင့်ပါ။
  2. Share ခလုတ်ကို နှိပ်ပါ။ Version အလိုက် More ခလုတ်ကို အရင်နှိပ်ရန် လိုနိုင်ပါသည်။
  3. Add to Home Screen ကို ရွေးပါ။ မတွေ့ပါက အောက်သို့ဆင်းကြည့်ပါ၊ သို့မဟုတ် Edit Actions မှ ထည့်ပါ။
  4. Open as Web App ရွေးချယ်မှု ပေါ်ပါက ဖွင့်ထားပါ။ အမည်ကို iMyanmarLink ဟုထားပြီး Add နှိပ်ပါ။
  5. Home Screen ရှိ iMyanmarLink Icon မှ ပြန်ဖွင့်နိုင်ပါပြီ။

App အဖြစ် မထည့်နိုင်သေးပါက Safari ရဲ့ Share → Add Bookmark ဖြင့် သိမ်းထားနိုင်ပါသည်။

05 · ANDROID TV

Android TV & TV Boxes

Coming Soon

မကြာမီ အသုံးပြုနိုင်ရန် စီစဉ်နေပါသည်။

Android စနစ်ပါဝင်သော TV များနှင့် Android TV Box များအတွက် အသုံးပြုနိုင်မည့် Application နှင့် ထည့်သွင်းနည်းကို ရရှိချိန်တွင် ဤနေရာ၌ အသိပေးပါမည်။

အပေါ်သို့ ပြန်သွားရန် ↑ · အကူအညီလိုပါက ဆက်သွယ်ရန်